ကျွန်းလှ ဇူလိုင် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်နှင့်အားကစား အသိပညာပေး (Talk Show) ကို ဇူလိုင် ၁၁ ရက်နေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်မ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ ဦးစီးမှူး ဦးဖိုးချိုက အသိပညာပေး Talk Show အစီအစဉ်များ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာစီးဌာန၊ ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်းက လူငယ်နှင့်အားကစားကဏ္ဍ၊ အားကစား၏အဓိပ္ပါယ်၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်ရေး၊ အားကစား အဆင့်မြှင့်တင်ရေးတို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကဗျာရွတ်၊ ပုံပြင်ပြော၊ Talk Show အစီအစဉ်များနှင့် ပြည်သူများ သိသင့်သိထိုက်သည့် အကြောင်းအရာများကို Online စနစ်ဖြင့် လစဉ်ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ