ပိုင်ကျုံ ဇူလိုင် ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ပထမ(၃) လပတ်တွင်ကရင်ပြည်နယ်၊အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ်(၈.၃၇) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ သုခချမ်းသာလမ်းအား ကွန်ကရစ်ခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ကို၅)ရပ်ကွက်၊ ချမ်းအေးသာစံ အပိုင်း(၁) လမ်းအားကွန်ကရစ်ခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဇွန်လ၂၆ ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ၉ရက်နေ့တွင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်းစတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်းသည် အရှည်(၂၅၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကိုကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို သတ်မှတ်အချိန်ကာလအတွင်း ပိုင်ကျုံမြို့ စည်ပင်သာယာရေး အပိုင်ကျုံမြို့စည်ပင်သာယာရေအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်ခိုင်ဇင်ဖူးမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ဒေါ်ခိုင်ဇင်ဖူးမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုအခါ လမ်းခင်းခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်ပါ၍ မြို့သာယာလှပပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့် သွားရေးလာရေးအတွက် အဆင်ပြေလွယ်ကူ လာစေပြီး ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေလာပြီဖြစ်ကြောင်းသိရသည်။
နော်ခူး(ပြန်/ဆက်)