မော်လမြိုင်ကျွန်း ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးဆောင်သည့် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ မြို့နယ်အတွင်းရှိသော ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသော စားသုံးဆီဗူးများတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) ပါ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ဇူလိုင်လ ၁၁ ရက်နေ့ နံနက် (၁၀) နာရီ အချိန်က ဆောင်ရွက်သည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်လတ်နှင့် တာဝန်ရှိသူများ၊ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ်ကြီး ဦးခိုင်ထွန်းဇော်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းသည့် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသော စားသုံးဆီဗူးများတွင် ၁/၂၀၂၁ ညွှန်ကြားချက်ပါ မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိ/မရှိနှင့် ၁/၂၀၂၁ ပါ ညွှန်ကြားချက်များကို သိရှိလိုက်နာစေရေး ကွင်းဆင်းစောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)