ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ကြံခင်း ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက  စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်သည်။

အဆိုပါ အသိပညာပေးဟောပြောခြင်းကို ကြံခင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ (တာဝန်ခံ) ဦးကျော်နိုင်ဝင်းက  ကုန်စည်အုပ်စု၊  ကုန်အညွှန်းအမှတ်အသားများ၊  ပြုပြင်မွမ်းမံပြီး ပြုပြင်ပြောင်းလဲပြီး ရောင်းချမှုများ၊ စားသုံးရန်မသင့်သော အစားအစာများ၊  တားမြစ်ထားသည့် ကုန်အညွှန်းအမှတ်အသားများနှင့်  ကုန်ညွှန်းအမှတ်အသားဆိုင်ရာ အချက်များကို  အသိပညာ ပေး ပြောကြားသည်။

ဟောပြောပွဲသို့. မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးကျော်နိုင်ဝင်း၊ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူ များ တတ်ရောက်ကြကြောင်းနှင့် တတ်ရောက်လာသူများအား စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)