လိပ်သိုမြို့တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အကြို အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲပြုလုပ်

လိပ်သို ဇူလိုင် ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အကြို အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်က ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လိပ်သိုမြို့ရုံးမှ စောဝေါ်ကွောထူး (ရုပ်/သံ-၃)က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်းနှင့် အာဇာနည်နေ့အထိမ်းအမှတ် ပြုလုပ်ရခြင်းအကြောင်းကို ဟောပြောခဲ့ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲကို ဆက်လက်ပြုလုပ်ခဲ့ရာ ကလေးငယ် (၈) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများနှင့် ပါဝင်ယှဉ်ပြိုင်သူကလေးငယ်များအားလုံးကို အမှတ်တရဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

လိပ်သို (ပြန်/ဆက်)

စောဝေါ်ကွောထူး