မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျရှုံးသူများနှင့် ၂၀၁၉-၂၀၂၂ ခုနှစ်၊ နဝမတန်းအောင်မြင်ပြီး ကျောင်းပြန်မအပ်နိုင်၊ ကျောင်းမတက်ရောက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများ၊ အုပ်ထိန်းသူမိဘများနှင့် တွေ့ဆုံဆွေးနွေး

သာပေါင်း ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း (လှေကြီးတတ်)၊ အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ‌တွင် ကျရှုံးသူများနှင့် ၂၀၁၉-၂၀၂၂ ခုနှစ်၊ နဝမတန်းအောင်မြင်ပြီး ကျောင်းပြန် မအပ်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းမတက်ရောက်နိုင်သည့် ကျောင်းသား၊‌ ကျောင်းသူများ၊ အုပ်ထိန်းသူမိဘများနှင့် တွေ့ဆုံ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးဆောင်ရွက်ကြသည်။
ထိုသို့ တွေ့ဆုံ၍ မိဘများတွေ့ကြုံနေရသည့် အခတ်အခဲများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုး၊ ကျောင်းအုပ်ဆရာကြီး ဦးစိုးနိုင်ဦး၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦး‌လေးမောင် တို့မှ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်ရောက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကျရှုံးခဲ့သည့် ကျောင်းသား၊ ကျောင်းသူ(၃၆)ဦး၊ ၂၀၁၉-၂၀၂၂ ခုနှစ်၊ နဝမတန်း အောင်မြင်ပြီး ကျောင်းပြန်မအပ်နိုင်သည့် ကျောင်းသား၊ ကျောင်းသူ(၂၇)ဦး၊ မိဘများနှင့် တွေ့ဆုံ၍ မိမိတို့၏ ကျောင်းနေအရွယ်ကလေးများကို အနာဂတ် မပျက်စီးစေရန် ပညာသင်ကြား ရမည့် အရွယ်တွင် ပညာသင်ကြားနိုင်စေရန်၊ လူငယ်လူရွယ်ဘဝတွင် မျှော်လင့်ချက်မဲ့စွာဖြင့် ဘဝကိုမဖြတ်သန်းစေရန်နှင့် ပညာရေး ကိုသာ အလေးထားသင်ကြားနိုင်စေရန်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းမတက်သည့်သူများ၊ ကျောင်းမအပ်နှံ သေးသည့်သူများ ကျောင်းတက် ရောက်ရေး၊ ကျောင်းအပ်နှံရေး၊ ဝိုင်းဝန်းပူးပေါင်း ကြိုးစားစည်းရုံးဆောင်ရွက်ပေးရေး၊ တစ်ဆင့်စကား တစ်ဆင့်ပြောကြားပေးပြီး ကျောင်းအမြန် ပြန်လည်အပ်နှံတက်ရောက်ရန် ပြောကြား မိဘများ၏ အခြေအနေ၊ တွေ့ကြုံနေရသည့် အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး၍ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း