ဆွမ်ပရာဘွမ် စက်တင်ဘာ ၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ကဘရန်ခူးရပ်ကွက်၊ တောင်သူ ဦးလှတောပိုင် ဦးပိုင်အမှတ် (၉)၊ ကွင်းအမှတ် (oss) စိုက်ပျိုးဧရိယာ (၃) ဧကတွင်စပါးသီးနှံများ၌ ပိုးမွှားရောဂါ ကျရောက်မှု ရှိ / မရှိကို ယနေ့နံနက် ၁၂ နာရီခန့်က စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကွင်းဆင်းစစ်ဆေးခဲ့သည်။
တောင်သူများ၏ လယ်ယာစိုက်ခင်းများတွင် ပိုးမွှားကျရောက်မှု ကင်းရှင်းစေရန်၊ စပါးသီးနှံတွေမှာ ကျရောက်သော ပိုးမွှားရောဂါဆိုင်ရာ အသိပညာများ တိုးပွားစေရန်နှင့် တောင်သူများ ဘက်စုံပိုးမွှား ရောဂါကာကွယ် နှိမ်နင်းရေးနည်းစနစ်များ (IPM) Integrated Pest Management ကို သိရှိလိုက်နာပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင် စေရန်အတွက် ရည်ရွယ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းလှိုင်က ပြောကြားခဲ့သည်။
ဆွမ်ပရာဘွမ်မြို့နယ်တွင် ဆစ်ပိုး၊ ဖြုတ်၊ ကြွက်၊ နှံစုပ်ပိုး နှစ်စဉ်ကျရောက်တတ်သောကြောင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ကုဋေ (ဆွမ်ပရာဘွမ်)