သာပေါင်း ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဘုရားနီကျေးရွာအုပ်စု၊ဘုရားနီကျေးရွာတွင် ယမန်နေ့နံနက် အာရုံတတ် ၄ နာရီခွဲအချိန်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ဦးကျော်သူ(ဘ) ဦးစိုးဝင်းတို့၏ နေအိမ်ပြိုကျ ပျက်စီးဆုံးရှုံးခဲ့ရသည်။
ထိုသို့ မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်အိမ်ပြိုကျပျက်စီး ဆုံးရှုံးခဲ့ရသည့် ဦးကျော်သူ၊ (ဘ)ဦးစိုးဝင်း၊ ဗမာ/ဗုဒ္ဓ၊ ကျပန်း အတူနေမိသားစု အသက်(၁၈)နှစ် အထက် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ အသက်(၁၈)နှစ်အောက် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၁)ဦး၊ စုစုပေါင်း (၅)ဦး၊ နေအိမ်(အလျား ၁၈ ပေ×အနံ ၁၅ ပေ×အမြင့် ၁၈ ပေ)၊ (ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း) ပြိုကျပျက်စီး ဆုံးရှုံးခဲ့ရသော မိသားစုများအား မြို့မရဲစခန်း၊ ဒုရဲအုပ်အောင်မိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူးဦးကျော်သူလွင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်း၊ တပ်ခွဲမှူးဦးဇော်ဝင်းနိုင်၊ ဘုရားနီကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနှင့် ရွာသူရွာသားများမှ ဝိုင်းဝန်းကူညီ၍ နီးစပ်ရာ ဆွေမျိုးသားချင်းများ၏ နေအိမ်များတွင် ယာယီပြောင်းရွှေ့ နေရာချထားပေးခဲ့ပြီး ၎င်းဖြစ်စဉ်၌ လူနှင့်တိရစ္ဆာန် အသက်အန္တရာယ်၊ အခြားထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)