ဝေါ ဇူလိုင် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် အခြေခံပညာအထက်တန်းကျောင်းများဖြင့်သည့် (အထကဝေါ)၊ (အထကဝေါအရှေ့)၊ (အထကညောင်ခါးရှည်ကျောင်း)၊ (အထကမြစ်ကျိုးကျောင်း) တို့တွင် ဝေါမြို့နယ်ပညာရေးဦးစီးဌာနမှ ပညာရေး၊ သင်ကြားရေး၊ သင်ယူမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက်၉ နာရီအချိန်ကပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ ပညာရေး၊ သင်ကြားရေး၊ သင်ယူမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဦးကြည်စိုးက ကြီးကြပ်၍ အထကဝေါရှေ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဦးက ဦးဆောင်၍ ဆွေးနွေးပွဲတွင် ဆရာ၊ ဆရာမ (၃၀)ဦးက သင်ကြားပို့ချမှုနှင့် ပတ်သက်သည့် သင်ကြား၊ သင်ယူမှုဆိုင်ရာအတွေ့အကြုံများ ဆွေးနွေးပို့ချပေးကာ၊ ထက်ဆင့်၊ လယ်ဆင်၊ မူလတန်း ကျောင်းဆရာ/ဆရာမသင်တန်းသားဦးရေ (၁၃၀)ဦး၊ ဘာသာစုံ သင်ရိုးညွှန်းတန်းများကို သင်ကြားပို့ချပေးမှုအခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)