နာဂဒေသ၊ ပန်ဆောင်မြို့၌ ကြိုးတန်းစိုက် တောင်သူပညာပေး မိုးစပါးစိုက်ပျိုး

ပန်ဆောင်  ဇူလှိုင် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ မြို့စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုးတန်းစိုက် တောင်သူအသိပညာပေး မိုးစပါးစိုက်ပျိုးခြင်းကို ပန်ဆောင်မြို့ နီဟိရပ်ကွက် ဦးလင်ဒါး၏ လယ်မြေဧက တစ်ဧက၌ ယမန်နေ့နံနက်(၈) နာရီက ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ကြိုးတန်းစိုက်ပျိုးခြင်းဖြင့် တိကျသော ကောက်ပင်အရေအတွက် စိုက်ပျိုးနိုင်ပြီး တစ်ဧကလျင် မျိုးစပါး(၂၄)ပြည်သာ ကုန်ကျသဖြင့် မျိုးစေ့ကုန်ကြမှု သက်သာခြင်း၊ တစ်ဧကလျှင် တစ်နာရီခန့်သာ စိုက်ပျိုးရသဖြင့် အချိန်ကုန်သက်သာခြင်း၊ ကြိုးတန်းစိုက်ပျိုးထားသော စပါးခင်းအား စပါးရိတ်သိမ်းစက်ဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်းနှင့် အဆိုပါ ကြိုးတန်းစိုက်ပျိုးခြင်းကို မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့် ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြောင်း သိရှိရသည်။

ဂျာယော်(ပန်ဆောင်)