မြောင်းမြမြို့တွင် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

မြောင်းမြ   ဇူလိုင်   ၁၀

 ယနေ့နံနက် ၉နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီးနောက် မြောင်းမြမြို့ ဇေယျမေဒနီ ကျောင်းတိုက်ဆရာတော်ဘုရား၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တစန္ဒဝရ မဟာထေရ်က ငါးပါးသီလချီးမြှင့်ပေးခဲ့ပြီး၊ ကြွရောက်လာသော သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပါသည်။

ထို့နောက် ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စုပေါင်းကပ်လှူကြသည်။

​မြောင်းမြမြို့ အလယ်တောရကျောင်းတိုက်ဆရာတော်ဘုရား၊ အဂ္ဂမဟာပဏ္ဍိတ၊  ဘဒ္ဒန္တ ပညာသီဟ အရှင်သူမြတ်က အနုမောဒနာတရား ချီးမြှင့်ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။ ထို့နောက် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး တရားနာကြွရောက်လာသူများအား နေ့လယ်စာဖြင့် တည်ခင်းဧည်ခံခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင် (ပြန်/ဆက်)