ရေတာရှည် ဇူလိုင် ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ရေတာရှည်တပ်နယ်မှ အရာရှိ စစ်သည်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ဆွမ်းကွမ်းခက်ခဲသော ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ကပ်လှူခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့ဦးကျောင်း ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာနိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် မြို့ဦးကျောင်းဆရာတော် ဉူးဇောတိကထံမှ ငါးပါးသီလ ခံယူကာ တပ်နယ်မှူးဗိုလ်မှူးကြီး သန်းလှိုင်ဝင်းမှ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရေတာရှည် တပ်နယ်မှူးနှင့် အရာရှိစစ်သည်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)