ကြံခင်းမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် Book Club နှင့် Youth Club အဖွဲ့ဝင်များ ပူးပေါင်းစာဖတ်ဝိုင်းပြုလုပ်

ကြံခင်း ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ နေ့လယ်က စာအုပ်စာပေ ချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင်များနှင့် Youth Club အဖွဲ့ဝင်များက စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ ကြကြောင်းသိရသည်။

ပထမဦးစွာ ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ မြို့နယ်ဦးစီးအရာရှိဒေါ်ခင်မိုးမြင့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီ Book Club အသင်းဝင် ဦးအေးမြင့်အောင်(မိုးမြေသစ္စာ)က စာရေးဆရာဦးချစ်နိုင်(စိတ်ပညာ)ရေးသားသော “ဘဝတစ်ခုစီမံမှု” ခေါင်းစဉ်အားစတင်ဆွေးနွေးပြီး အဆိုပါဆွေးနွေးမှုအပေါ် စာအုပ်စာပေချစ်မြတ်နိုးသူ Book Clubနှင့် Youth Club အဖွဲ့ဝင်များက မိမိတို့၏ သဘောထားအမြင်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကြံခင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်ပြီး အသိပညာပေး Talk Show အစီအစဉ်များ၊ ဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)