ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် (၂)လုံး ပြောင်းရွေ့ခဲ့ရ

ပန်းတနော် ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင်  ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် ဇူလိုင် ၈ ရက် မွန်းလွဲ ၄ နာရီက ဘဝိုင်းကျေးရွာအုပ်စု မြင်းကဒေါင်ကျေးရွာတွင် နေအိမ် () လုံး ကြိုတင်ပြောင်းရွေ့ခဲ့ရကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် မြင်းကဒေါင်ကျေးရွာရှိ နေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂)စု၊ လူဦးရေ (၈)ဦးတို့အား ကမ်းလွတ်ရာဖြစ်သော နီးစပ်သည့် ဆွေးမျိုး သားချင်းနေအိမ်များတွင် ယာယီပြောင်းရွေ့နေထိုင်လျက်ရှိပြီး နေအိမ်များ ပြန်လည်ဆောက်လုပ်ရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)