ပန်းတနော်မြို့နယ်တွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ

ပန်းတနော် ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ  မိုးရာသီ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက လှိုင်တာကျေးရွာ သရက်ချောင်း- မင်းဆယ်တာ(၂/ ၄)တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ သရုပ်ပြပွဲသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများအား ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်ကြည်စိုးနှင့် တာဝန်ရှိသူများက မြစ်ရေကြီးစဉ် တာတမံများ ရေဘေးအန္တရာယ် ကျရောက်ပါကျ ဖြစ်ပေါ်တက်သည့် ရေပေါက် (ထူးပေါက်) ပေါက်ခြင်း၊ တာထိပ်ပေါ် ရေကျော်ခြင်း၊ တာအိခြင်း၊ သဲဗွက်ထခြင်းတို့ဖြစ်ပေါ်ပါက လုပ်ဆောင်ရမည့် နည်းစနစ်များ၊ ရှောင်သင့်သည့်အချက်များ၊ တာတမံ ကျိုးပေါက်နိုင်သည့် အချက်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရေဘေးအန္တရာယ်ကျရောက်လာပါက တာတမံများအား ကြိုတင်ပြင်ဆင် လုပ်ဆောင်ရမည့်အချက်များကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)