စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ကော့သောင်း ဇူလိုင်လ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်းကာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အေးမြကန်သာရပ်ကွက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောမှုအစီအစဉ်တွင် သင်တန်းသူများအား ကောသောင်းခရိုင်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာများ၊ မီးဖိုချောင်သုံးဆေးဖက်ဝင်ပစ္စည်းများနှင့် အရသာ(၆)ပါး အကျိုးနှင့်အပြစ် ဖြစ်ပုံပြုပုံအကြောင်း၊ အမျိုးသမီးများတွင် ဖြစ်ပွားတပ်သော ရောဂါများနှင့် တိုင်းရင်းဆေးပညာ ဆက်စပ်ကုသပုံများအား ဗဟုသုတဖြစ်ဖွယ် အသိပညာပေးဟောပြောခဲ့ပြီး ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒေါ်မေဇင်ဦးက ငယ်ရွယ်သူလူငယ်များအကြား စာဖတ်ခြင်းအလေ့အထရှင်သန်လာစေရန်နှင့် စာပေမှတဆင့် အသိဉာဏ်အမျှော်အမြင် ကြွယ်ဝလာကာ အမှားအမှန် ဝေဖန်ပိုင်းခြားတပ်လာခြင်း၊ စာဖတ်သူဦးရေးတိုးပွားလာကာ ဗဟုသုတအကြားအမြင် ကျယ်ပြန့်လာ၍ အနာဂါတ်လူငယ်မျိုးဆက်သစ်များ သက်မွေးမှုအတပ်ပညာအား ဆည်းပူးရင်း ပြင်ပဗဟုသုတဖြစ်ဖွယ်များ လေ့လာသိရှိခွင့်ရကြစေရန် စာပေဖတ်ရှုရန် တိုက်တွန်းအသိပညာပေး ဟောပြောခဲကြောင်း သတင်းရရှိသည်။