အထက်မင်းလှ ဇူလိုင် ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲခမ်းအနားကို မြို့နယ်အားကစားကွင်း၌ ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် အုပ်စု(၂)ခုခွဲ၍ အသင်း(၇)သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ယနေ့ဗိုလ်လုပွဲတွင် မင်းလှ(က)အသင်းနှင့် မင်းလှ(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မင်းလှ(က)အသင်းမှ (၄)ဂိုး၊ မင်းလှ(ခ)အသင်မှ (၃)ဂိုးရရှိခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဆုရရှိအသင်းများအား ဆုပေးပွဲကျင်းပပြုလုပ်ခဲ့ရာ ပထမဆုရရှိသည့် မင်းလှ(က)အသင်းအား ဆုတံဆိပ်၊ ဆုဖလားနှင့် ငွေသားကျပ်(၃)သိန်း၊ ဒုတိယဆုရရှိသည့် မင်းလှ(ခ)အသင်းအား ဆုတံဆိပ်၊ ဆုဖလားနှင့် ငွေသားကျပ်(၂)တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)