ကလေးမြို့တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)၊ အောင်ဆန်းခန်းမတွင် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များကို ဆန်(၈၆)အိတ် ပေးအပ်ထောက်ပံ့ပွဲ အခမ်းနားကျင်းပ

ကလေး ဇူလိုင် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ဒေသကွက်ကဲမှုစစ်ဌာနချုပ်(ကလေး)၊ အောင်ဆန်းခန်းမတွင် ကလေးမြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များသို့ ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ကလေး)မှ ဒေသကွက်ကဲရေးမှူးဗိုလ်မှူးချုပ် သန့်ဇင်ဦးက အမှာစကားပြောကြားပြီး တက်ရောက်လာသော ပြည်သူ့စစ်အဖွဲ့ဝင်များ၏ တစ်ဦးချင်း အခက်ခဲတင်ပြချက်များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအတွက် ဆန် (၈၆)အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ကလေး)မှ ဒေသကွက်ကဲရေးမှူး ဗိုလ်မှူးချုပ်နှင့် ကလေး/ကျီကုန်း တပ်ရင်းတပ်ဖွဲ့များမှ အရာရှိကြီးများနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

ကလေး(ပြန်/ဆက်)