ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပိုက်ဆံလျှော် သစ်စိမ်း​မြေသြဇာထည့်သွင်း နည်းစနစ် ကွင်းသရုပ်ပြပွဲကျင်းပ

ဟုမ္မလင်း ဇူလိုင် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ  ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာ ထည့်သွင်းနည်းစနစ် ကွင်းသရုပ်ပြကို ယမန်နေ့ နံနက်(၈)နာရီက ဟုမ္မလင်းမြို့နယ် နားနုံးကျေးရွာ တောင်သူ ဦးအောင်စိုးလွင်၏ ကွင်း/ဦးပိုင်အမှတ် (၆၂/ ၇၃) လယ်တွင်ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးက ပိုက်ဆံလျှော်သစ်စိမ်းမြေသြဇာ ထည့်သွင်းနည်း စနစ်ကွင်းသရုပ်ပြသခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ဟုမ္မလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွာအုပ်စု၊ နားနုံးကျေးရွာ၊ နားနုံး/ပါမလုံ အနီးရှိ တောင်သူများ စုစုပေါင်း (၆၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါပိုက်ဆံလျှော် သစ်စိမ်း​ မြေသြဇာထည့်သွင်းနည်းစနစ်သင်တန်းကို ၂၀၂၂ ခုနှစ်၊ မေလ (၁၉)ရက်နေ့က တောင်သူများကို ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် အသိပညားပေး ဆွေးနွေးပို့ချပေးခဲ့ကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)