ကြံခင်း ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းမိသားစုများက ဆွမ်းဆန်တော် ဆက်ကပ်လှုဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ ရွှေတောင်စုရပ်ကွက် ရွှေညောင်ပင်ကျောင်းတိုက်တွင် ဆက်ကပ်လှုဒါန်းကြသည်။
ထိုသို့ ဆက်ကပ်လှုဒါန်းရာတွင် ရွှေညောင်ပင်ကျောင်းတိုက်အတွင်း သီတင်းသုံးတော်မူသော ရဟန်း၊ သံဃာ၊ သာမဏေများ ဆွမ်းဆန်တော် ခက်ခဲမှုမရှိစေရန် ရည်ရွယ်ပြီး ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တဝါယမထံသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန် ဦးဆောင်သော အရာထမ်း၊ အမှုထမ်း ဝန်ထမ်းမိသားစုများက ဆွမ်းဆန်တော် (၈) အိတ်ကို ဆက်ကပ်လှုဒါန်းကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)