ပေါင်းတည်မြို့နယ်တွင် နွေစပါးဧက ၂၅၀ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ရေထိန်းရေမြှင့်ဆောက်လုပ်ခြင်းနှင့် မွေးမြူရေးလုပ်ငန်းခွင်နေရာများသို့ ကွင်းဆင်းကြည့်ရှု

ပေါင်းတည် ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့၀င်များသည် ယနေ့နံနက် ၈ နာရီခွဲအချိန်က ပေါင်းတည်မြို့နယ် ရန်ကုန်-ပြည် ကားလမ်းဘေးရှိ နွေစပါးဧက ၂၅၀ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဘဲစာရိုးရေထိန်းရေမြှင့်ရန်အတွက် ရေတံခါးဆောက်လုပ်ခြင်း၊ ရေပေးတူးမြောင်း ဖောက်လုပ်ခြင်းနှင့် ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း ဆောင်ရွက်နေသည့် လုပ်ငန်းခွင်နေရာများသို့ လာရောက်ကြည့်ရှုခဲ့ရာ ပေါင်းတည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်နှင့်အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုကို ရှင်းလင်းပြသခဲ့ကြောင်းသိရသည်။

ဆက်လက်၍သဖန်းပင်ဆိပ်ကျေးရွာအုပ်စု သပြေကုန်းကျေးရွာ ရန်ကုန်-ပြည် ကားလမ်းဘေးတွင် တည်ဆောက်လျက်ရှိသည့် (ပဒေသာ)စက်သုံးဆီအရောင်းဆိုင်အား ၀င်ရောက်စစ်ဆေးပြီးနောက် ပျဉ်ပုံကျေးရွာအုပ်စု နတ်မှော်ကျေးရွာရှိ မင်းသားကြီးတိုင်းရင်းကြက်ခြံရှိ ကြက်ဥဖောက်စက်နှင့် မျိုးကြက်ခြံအား ဝင်ရောက်လေ့လာကြည့်ရှုခဲ့သည်။

ထို့နောက် ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စိုက်/ကြပ်အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

အေးအေးဆင့် (ပြန်/ဆက်)