ထန်ပါခွေ စက်တင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျောက်စီ ရေမြောင်း ရာနှုန်း ပြည့်ပြီးစီး သွားပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ ကျောက်စီရေမြောင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ထန်ပါခွေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ထန်ပါခွေမြို့ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အဆိုပါ ကျောက်စီရေမြောင်း (အလျား-၃၃၀ ပေ× အကျယ်-၃ ပေ× အမြင့်- ၃ ပေ) အား ထန်ပါခွေမြို့တွင်း စေတီကုန်းအတက်လမ်း၊ ထွေ/အုပ်ရိပ်သာအောက်တွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့ရန်ပုံငွေဖြင့် ၂၀၂၀-ပြည့်နှစ်၊ ဩဂုတ်လ (၁၅)ရက်နေ့တွင် စတင် ဆောက်လုပ် ခြင်းဖြစ်ကာ စက်တင်ဘာလ (၈) ရက်နေ့တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး သွားပြီဖြစ်ကြောင်း ထန်ပါခွေမြို့ စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ဟန်ထွန်း(အင်းဝ)