သာယာဝတီ ဇူလိုင် ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် အသစ်ထွက်ရှိသည့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ် ၁ နာရီက ဟွာရှိန်အထည်ချုပ်စက်ရုံတွင် ယနေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ် ခဲ့သည်။
ဟောပြောပွဲတွင် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၂) သာယာဝတီမှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်ဥက္ကာသွင်က အသစ်ထွက်ရှိသည့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေအကြောင်း၊ ပြည်ပသို့တရားမဝင် ရွှေ့ပြောင်းသွားလာမှု၏ ဆိုးကျိုးများ၊ တရားဝင်သွား ရောက်မှုကြောင့် ရရှိလာမည့် အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ အကြောင်း ဟောပြောသည်။
အဆိုပါ ဟောပြောပွဲသို့ ဟွာရှိန် အထည်ချုပ်စက်ရုံမှ အလုပ်သမား မ (၁၀၀) ဦး တက်ရောက်ကြပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၂)သာယာဝတီမှ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်(၁၀၀)အား အမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)