ဝက်လက် ဇူလိုင် ၈
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် အဖြစ် ယနေ့ နံနက် ၁၀ နာရီအချိန်မှ စတင်၍ အခြေခံ ပညာကျောင်းများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အခြေခံ ပညာကျောင်းများတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးရာတွင် ပထမအကြိမ် ထိုနှံပြီးသော အသက် ၅ နှစ်မှ ၁၂ အတွင်း ကျောင်းသား/ ကျောင်းသူ ၇၂၀ ဦး၊ အသက် ၁၂ နှစ် မှ ၁၅ အတွင်း ကျောင်းသား /ကျောင်းသူ ၁၇၂ ဦး ၊ အသက် ၁၅ နှစ်မှ ၁၈ နှစ်အတွင်း ကျောင်းသား / ကျောင်းသူ ၆၆ ဦး စုစုပေါင်း ၉၅၈ ဦး ကို ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရပါသည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းသန်းထိုက်စိုး၏ ဦးဆောင်မှုဖြင့် မြို့နယ် ကျန်းမာရေးဝန်ထမ်းများနှင့် ပညာရေး ဝန်ထမ်းများက စုပေါင်း လုပ်ဆောင်ကြကြောင်း သိရှိရပါသည်။
စိုးစိုးလှိုင် (ဝက်လက်)