ဇူလိုင် ၈ ရွှေဘို
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ပန်းရံအုပ်စု၊ ပန်းရံကျေးရွာသို့ နယ်မြေဒေသဖွံဖြိုးရေး၊ နယ်မြေတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက်ရွှေဘိုခရိုင်နှင့် မြို့နယ်များမှ ဌာဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ နံနက်(၉)ချိန်က ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
တာဝန်ရှိသူများသည် ပန်းရံကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ကျေးရွာလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရင်းရင်းနှီး နှီး တွေ့ဆုံကာ ဆွေးနွေးပြောကြားပြီး သက်ဆိုင်ရာဌာနဆိုင်ရာများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ယင်းအခမ်းအနားတွင် ဒေသခံပြည်သူများအား အလှူငွေနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ခြင်း၊ ကျေးရွာရှိ သက်ကြီးရွယ်အို(၄၁)ဦးအတွက် ၂၀၁၉-၂၀၂၂ ခုနှစ် ဧပြီ ၊မေ၊ ဇွန်လအတွက် လူမှုရေးပင်စင် ၁၂၃၀၀၀၀ ကျပ် အား အသီးသီး ပေးအပ်ခဲ့သည်။
ထို့နောက် ကျေးရွာသူ/ကျေးရွာသားများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးဝါးများကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့ကြသည်။
နယ်မြေကွင်းဆင်း ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးဦး၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးရဲထွဋ်ဝင်းနှင့် အဖွဲ့ဝင်များ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)