ပန်းတနော် ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ တိုးပွားလာစေရေး၊ ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ်စေရေးတို့အတွက် သဘာဝမြစ်ချောင်း ရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပသွယ်ကျေးရွာ သဘာဝမြစ်ချောင်း ရေပြင်အတွင်းသို့ ငါးသားပေါက်ကောင်ရေ လေးသိန်း စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ အတွင်းရေးမှူး ရဲမှူးကျော်ဇံ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဇေယျာမြင့်၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဆန်းဝင်း၊ ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မာမာဆွေနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ငါးမျိုးစိုက်ကြီးကြပ်ရေး ကော်မတီအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ပသွယ်သဘာဝမြစ်ချောင်း ရေပြင်အတွင်းသို့ ရွှေဝါငါးကြင်ကောင်ရေ ၁ သိန်း၊ ငါးခုံးမကြီးကောင်ရေ ၁ သိန်း၊ ငါးမြစ်ချင်းကောင်ရေ ၂ သိန်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၄ သိန်း စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)