မင်းလှမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းပြုလုပ်

မင်းလှ ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်(Community Center)ခန်းမတွင် ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နေ့လည် ၁ နာရီခွဲချိန်က ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်စန္ဒာအောင်က လစဉ်စာဖတ်ဝိုင်းများကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌဦးမျိုးမြင့်က စာရေးဆရာမောင်မင်းစိုးရေးသားသည့် လူငယ်နဲ့အထက်တန်းစားစိတ်ဓာတ်စာအုပ်မှ အခန်းကဏ္ဍပါအကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး  အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ကာ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပေါက်စ (မင်းလှ)