တောင်ငူ ဇူလိုင် ၈
၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၇၅ နှစ်မြောက် အာဇာနည်နေ့အကြို လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ အမှတ် ၅ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းများ၊ အာဇာနည်စိတ်ဓာတ်၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ရကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများ အကြောင်းတို့ကို ဟောပြောပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သူဇာထွေးက အားကစားနှင့်ကာယပညာဆိုင်ရာများ၊ လူငယ်တိုင်း အားကစား လှုပ်ရှားမှုများတွင် စိတ်ပါဝင်စားစွာ ဆောင်ရွက်နိုင်မည့်နည်းလမ်းများ ဟောပြောသည်။
ဆက်လက်၍ တိုက်ကွမ်ဒို အခြေခံကစားနည်း အဆင့်ဆင့်များအား မြို့နယ်အားကစားနှင့် ကာယာပညာဦးစီးဌာနမှနည်းပြ(၂)ဦးက သရုပ်ပြသခဲ့ပြီး အားကစား အထောက်အကူပြု ပစ္စည်းများထောက်ပံ့ပေးအပ်သည်။
ယင်းနောက် တောင်ငူခရိုင်ပြန်/ဆက်ဦးစီးဌာနမှပြသသည့် အာဇာနည်နေ့အကြောင်း သိကောင်းစရာများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ ကလေးအလုပ်သမားဆိုင်ရာများ၊ လူကုန်ကူးခြင်းခံရမှုမှ ကာကွယ်နည်းများ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ် စာစောင်များအား ပြသရာဟောပြောပွဲသို့ တက်ရောက်ကြသည့် ကျောင်းသားကျောင်းသူများ၊ ဆရာ ဆရာမများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်