ရွှေတောင် ဇူလိုင် ၈
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဝန်ထမ်းများက အာဇာနည်နေ့ အထိမ်းအမှတ်အကြို ပြည်သူအကျိုးပြု နယ်လှည့်ဝန်ဆောင်မှု အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက သရက်တောရပ်ကွက်အတွင်းရှိ မြောက်ပိုင်းအခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ ကျောင်းသူများအား နေ့ထူးနေ့မြတ် များကို အစဉ်မမေ့လျော့စေရန်နှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အာဇာနည်စိတ်ဓာတ်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ အကြောင်းကို အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က စက္ကူပြဇာတ်ပြသပေးပြီး ရုပ်သံ(၃) ဒေါ်အေးအေးခိုင်မှ ပုံပြင်စာအုပ်ပြောပြခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက မျိုးချစ်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေး အထိမ်းအမှတ်ပြဘုတ်၊ ရေဘေးလေဘေး အသိပညာပေး နံရံကပ်စာစောင်အားပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း