သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

သာပေါင်း ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်က စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူ လူငယ်အသင်း (Youth Club) အဖွဲ့ဝင်များနှင့် ပူးပေါင်းပြီးစာရေးဆရာကြီး ဗန်းမော်သိန်းဖေ၏ "အိပ်မက်လှလှ အောင်မြင်သောဘဝ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပကြသည်။

စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူ လူငယ်အသင်း (Youth Club) အဖွဲ့ဝင် ဦးကျော်ဇင်ထက်မှ စာရေးဆရာကြီး ဗန်မော် သိန်းဖေ၏ "အိပ်မက်လှလှ အောင်မြင်သောဘဝ" စာအုပ်ပါ အကြောင်းအရာများကို ဦးဆောင် ဖတ်ကြားဆွေးနွေးပြီး တတ်ရောက်လာကြသော စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူ ဦးထက်ဝေအောင်၊ ဦးဝင်းထွန်၊ ဦး‌အေးမင်းထက်နှင့် လူငယ်အသင်း အဖွဲ့ဝင် (၇)ဦးတို့က ဖတ်ကြားဆွေးနွေးချက်များကို ပြန်လည်ဆွေးနွေး ကြခြင်းဖြင့် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူ လူငယ်အသင်း (Youth Club) စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရ သည်။

သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေး ဆွေးနွေးပွဲ များကို ဆောင်ရွက်ပေးခြင်းသည် စာဖတ်ပရိသတ်လူငယ်၊ လူရွယ်များ၊ ပြည်သူများ စာဖတ်သည့် အလေ့အကျင့် အားကောင်းလာစေရန်၊ စာပေမှ ရရှိသည့် အသိပညာဖြင့် တစ်ပါးသူအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရ သည်။

မျိုးဇော်သိန်း