သာပေါင်းမြို့နယ်တွင် မြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ရေဘေးပညာပေးစာစောင်များ ဖြန့်ဝေပေး

သာပေါင်း ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြစ်ရေမြင့်တက်လာမှုကြောင့်ပြည်သူများ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ရေဘေးပညာပေး စာစောင်များကို ယနေ့ နံနက် ၇ နာရီခွဲအချိန်မှ စတင်၍ သီရိရွှေသာဈေး၊ လူစည်ကားရာနေရာလမ်း၊ ရေဆိပ် များ၊ ခရီးသွားလာတို့ကို လက်ကမ်းဖြန့်ဝေပေးကြသည်။
ထိုသို့ မြစ်ရေမြင့်တက်လာမှုကြောင့် ပြည်သူများ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ရေဘေးပညာပေး စာစောင်များ လက်ကမ်းဖြန့်ဝေပေးကြရာတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်း ရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုး၊ ဒုတိယရဲမှူး ဝင်းနိုင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဇော်ဝင်းအောင် နှင့် ဝန်ထမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်းနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်း၊ အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ‌ဒေါ်နုနုလှိုင်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်သူလွင်နှင့် အဖွဲ့ဝင်တို့က ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန် အချက်အလက်များ၊ ရေကြီးခြင်း သတိပေးချက်ရလျှင် ဆောင်ရွက် ရန်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့် အချက်များ၊ ရေကြီးပြီးနောက် ပြုလုပ်ရန်အချက်များ၊ ရေကြီးပြီးနောက် ရှောင်ရှားသင့်သည့်အချက်များ၊ အောက်ဖော်ပြပါ အရေးပေါ်သုံးပစ္စည်းများ (၁) ရေနှင့် ဓာတ်ဆားများ၊ (၂) ကြာရှည်ခံသော အစားအစာများ၊ (၃) ရှေးဦးသူနာပြုပစ္စည်းများနှင့် သုံးစွဲနေ သည့် ဆေးဝါးများ၊ (၄) အရေးပေါ်ခြုံစောင်၊ (၅) အဝတ်အစားများ၊ (၆) ရေစိုခံမိုးကာ၊ (၇) အကြမ်းခံသည့် ဖိနပ်၊ (၈) ဘက်ထရီအပြည့်ရှိသည့် ဖုန်းနှင့် ရေဒီယို၊ (၉) လက်နိုပ်ဓာတ်မီး၊ မီးအိမ်နှင့် ဓာတ်ခဲအပိုများ၊ (၁၀) ဘက်စုံသုံး အိတ်ဆောင်ဓား၊ ကြိုး၊ (၁၁) ဖယောင်းတိုင်၊ မီးခြစ်၊ (၁၂) အခြားသူများ အာရုံစိုက်မှုရစေရန် လိုအပ်သည့် ဝီစီ၊ (၁၃) တစ်ကိုယ်ရေသုံး အသုံး အဆောင်များ (ဆပ်ပြာ၊ သွားတိုက်ဆေး)၊ (၁၄) ရေစိုခံအိတ်နှင့် ထည့်ထားသည့် အရေးကြီး စာရွက်စာတမ်း၊ ငွေသား၊ (၁၅) ကလေးများ၏ ကျောင်းသုံးပစ္စည်းများ စသည့်အချက်အလက် များ ပါရှိသည့် ရေဘေးပညာပေး လက်ကမ်းစာစောင် (၁၅၀)ကို ပြည်သူများ လက်ရောက် လက်ကမ်း ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း