စလင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲ ဆုပေးပွဲ ကျင်းပ

စလင်း ဇူလိုင် ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်   မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲ အမျိုးသားအသက် ၂၀ နှစ်အောက် အလွတ်တန်းပြိုင်ပွဲကို ဇူလိုင်လ ၆ ရက်နေ့မှ ယနေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ စစ်တုရင်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကျင်းပခဲ့ရာ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင် တက်ရောက်၍ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ချောစုသက်တို့ တက်ရောက်ခဲ့ပြီး ဆုရရှိသူ ပြိုင်ပွဲဝင် အားကစား ကျောင်းသားများ တက်ရောက်ကြသည်။

ရှေးဦးစွာ စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်မှ ဆုရရှိအောင် ပါဝင်ယှဉ်ပြိုင်ကြသည့် အ.ထ.က တပ်တွင်းမှ ကျောင်းသားများအား ကျေးဇူးတင်စကားများ ပြောကြားခဲ့ပြီး ခရိုင်အဆင့်ပြိုင်ပွဲတွင်လည်း မိမိတို့ မြို့နယ်မှ ဆုရရှိအောင် ကြိုးစားယှဉ်ပြိုင် ကစားသွားကြရန် အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ချောစုသက်မှ စစ်တုရင်ပြိုင်ပွဲ ခရိုင်အဆင့်ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၂ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်း အသက်၂၀နှစ်အောက် စစ်တုရင်ပြိုင်ပွဲတွင် ဆုရရှိကြသည့် အ.ထ.က တပ်တွင်းမှ အထက်တန်းအဆင့်ကျောင်းသား ပထမ၊ ဒုတိယ၊ တတိယ(၃)ဦးနှင့် အလွတ်တန်းဝါသနာရှင်အဆင့် စစ်တုရင်ပြိုင်ပွဲဆုရရှိသူ ပထမ၊ ဒုတိယ၊ တတိယ (၃)ဦး စုစုပေါင်း (၆)ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင် နှင့်တာဝန်ရှိသူများက ဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

မောင်လွင်(စလင်း)