အထက်မင်းလှ ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန်အတွက် (GIS) နည်းပညာဖြင့် ရပ်ကွက်/ကျေးရွာတည်နေရာပြ (Point) ကောက်ယူခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာစာရေးဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစန်းမင်းနှင့်ဝန်ထမ်းများက ယမန်နေ့ နေ့လယ်ပိုင်းက ရွာတော်ကျေးရွာ၊ ညောင်ပင်သာ(အရှေ့)နှင့် ညောင်ပင်သာ (အနောက်) ကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါတည်နေရာပြ (Point) ကောက်ယူရာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန်အတွက် မင်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ Geographical Information System(GIS) စနစ်ဖြင့် ရပ်ကွက်/ကျေးရွာ တည်နေရာ (Point) ကောက်ယူခြင်းများ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျန်ရှိနေသည့် ရပ်ကွက်/ ကျေးရွာများ၌လည်း သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ ဆက်လက်ကောက်ယူလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)