မြို့သစ် ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပညာရေးဌာနနှင့် ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့သစ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (ရတနာခန်းမ)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နုနုထွေးမှ ငလျှင်ဘေးအန္တရာယ်ကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်စံပယ်စန်းဝင်းမှ မိုးကြိုးဘေးအန္တရာယ်အကြောင်းနှင့် သဘာဝဘေးအန္တရာယ် အမျိုးအစား(၈)မျိုးတို့အား အသိပညာပေးဟောပြောခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာမှတ်တမ်း စာအုပ်များဖြင့် မှတ်တမ်းပြုစုထားရှိခဲ့ကြောင်း သိရသည်။
အဆိုပါသဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)