စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ကြသော ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

စစ်ကိုင်း ဇူလိုင် ၈

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့ကြသော ဝန်ထမ်းများ၏ သား/ သမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်(၈)ရက်၊ နံနက်(၁၀)နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂုဏ်ပြုချီးမြှင့်ပွဲတွင် စစ်ကိုင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်က မိမိတို့ရဲ့ ဌာနဝန်ထမ်းများ၏ သား/ သမီးများ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့ကြတဲ့အတွက် အထူးဝမ်းသာပီတိဖြစ်ရကြောင်း၊ ဒါကြောင့်ယခုလို အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ပေးအပ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မှလည်း ပညာရေးကဏ္ဍတွင် အဖက်ဖက်မှ ဦးစားပေးမြှင့်တင် ဆောင်ရွက်ပေးနေသလို သားတို့/ သမီးတို့အနေဖြင့်လည်း မိမိတို့ရဲ့ဆန္ဒ၊ ဝါသနာများနှင့်အညီ ရှေ့ဆက်လက်ကြိုးစားသွားကြပါ၊ နိုင်ငံတော်မှ အားထားရတဲ့ သားကောင်း၊ သမီးမွန်များဖြစ်အောင် ကြိုးစားသွားကြပါလို့ အထူးမှာကြားလိုကြောင်း ပြောကြားကာ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါဂုဏ်ပြုချီးမြှင့်ပေးအပ်ပွဲသို့ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယ ပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ သင်ကြားရေးဆရာ/ ဆရာမများ  ဖိတ်ကြားထားသူများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းသား မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်(ပြန်/ဆက်)