ကညင်ရိုးကျေးရွာမှ ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့

အင်္ဂပူ ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ သက္ကယ်ပြင်(သံ)ကျေးရွာအုပ်စု၊ ကညင်ရိုးကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ ကမ်းပြိုပြောင်ရွှေ့ အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊  မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်ဥမ္မာချမ်းမြေ့နှင့် တာဝန်ရှိသူများမှ‌ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများပေးအပ်ရာ ကမ်းပြိုပြောင်း‌ရွှေ့မိသားစုများက လက်ခံရယူခဲ့သည်။

ကညင်ရိုးကျေးရွာမှ ကမ်းပြို‌ပြောင်းရွှေ့ အိမ်တစ်လုံးလျှင်(၁)သိန်းနှုန်းဖြင့် အိမ်ခြေ(၆)လုံးအတွက် အိမ်ဆောက် ပစ္စည်ဖိုး (၆)သိန်းကျပ်၊ အိမ်ထောင်စု(၆)စုမှ လူဦးရေ(၂၁)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၄၄၁၀ဝ) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ‌ပေါင်း (၆၄၄၁၀ဝ)ကျပ်နှင့် Surgical Mask များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)