လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကျ၍ ပြောင်းရွှေ့ရသော အိမ်ထောင်စုများအား ထောက်ပံ့

လေးမျက်နှာ ဇူလိုင် ၈         

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် မဲဇလီကျေးရွာအုပ်စုနှင့် လက်သမားမြန်မာ ကျေးရွာအုပ်စုတို့မှ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကျ၍ ပြောင်းရွှေ့ရသော အိမ်ထောင်စုများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်း၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှူးရုံး တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တို့မှ မဲဇလီကျေးရွာအုပ်စုနှင့် လက်သမားမြန်မာကျေးရွာအုပ်စုတို့တွင် ဇွန်လ ၃၀ ရက်နေ့၌ ငဝန်မြစ် ရေ တိုက်စားမှုကြောင့် ကမ်းပြိုကျ၍ ပြောင်းရွှေ့ရသော အိမ်ထောင်စု(၅)စုအတွက် အိမ်ဆောက် ပစ္စည်းဖိုး ၅၀၀၀၀၀/ကျပ်၊ လူဦးရေ(၁၆)ဦးအတွက် ၇ ရက်စာ ဆန်ရိက္ခာဖိုး ၃၃၆၀၀/ကျပ် စုစုပေါင်း ထောက်ပံ့ငွေ ၅၃၃၆၀၀/ကျပ်နှင့် Surgical Mask (၃၂)ခုတို့အား ကမ်းပြိုဘေးသင့် အိမ်ထောင်စုများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့သည်။

လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများမှာ ငဝန်မြစ်ကမ်းဘေးတွင်ရှိသောကြာင့် နှစ်စဉ် သဘာဝ ဘေးအန္တရာယ်များ ကျရောက်လျက်ရှိပြီး ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ် အတွင်း ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးများကို ထောက်ပံ့ပေးအပ်လျက်ရှိသည်။

ကျော်ဟိန်း(ပြန်/ဆက်)