အင်္ဂပူမြို့နယ်တွင်‌ ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

အင်္ဂပူ ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ ရေဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ သည်။

အဆိုပါ အသိပညာ‌ပေး လက်ကမ်းစာ‌စောင်များ ဖြန့်ဝေခြင်းကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာချမ်းမြေ့နှင့် ဝန်ထမ်းများက လူစည်ကားရာစျေးများ၊ ကားဂိတ်များနှင့် လမ်းဆုံများတွင် ပြည်သူများရေဘေးအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ရေဘေးအသိ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။                  

မန်းကျော်(ပြန်/ဆက်)