ပန်းတနော်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ဆက်လက်ထုတ်ချေးပေး

ပန်းတနော် ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မိုးစပါး စိုက်ပျိုး စရိတ်ချေးငွေ ထုတ်ချေးခြင်းကို ကျေးရွာအုပ်စု ၂ အုပ်စုရှိ တောင်သူများအား ယမန်နေ့ မွန်းလွဲ ၂ နာရီက ဆက်လက်ထုတ်ချေးပေးလျက်ရှိသည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်းကို ပန်းတနော်မြို့နယ် ကပိုင်ကျေးရွာအုပ်စုနှင့် မြစ်ဝကျေးရွာအုပ်စု တို့ရှိ တောင်သူ (၈၃)ဦး၊ မိုးစပါးစိုက်ဧက (၅၃၅) ဧကအတွက် တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် စုစုပေါင်း​ချေးငွေကျပ်သိန်း (၈၀၂.၅၀) ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို မေလ ၁၆ ရက်နေ့မှ ဇူလိုင်လ ၇ ရက်နေ့အထိ ကျေးရွာအုပ်စု (၃၉) အုပ်စုရှိ တောင်သူ (၂၂၅၈) ဦး စပါးစိုက်ဧက (၁၄၂၆၃) ဧကအတွက် (၂၁၃၉၄.၅၀)အား ထုတ်ချေးပေးခဲ့ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးခင်မောင်ဝင်းထံမှ သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)