ပန်းတနော် ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် မြို့နယ်တိုင်းရင်းဆေး ကုသရေးဦးစီးဌာနမှ ယနေ့ နံနက် ၉ နာရီက အောင်သပြေဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွားများအား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသပေးခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်နော်အဲလာဖောနှင့် ဝန်ထမ်းများက တိုင်းရင်းဆေးပညာဖြင့် အောင်သပြေဘိုးဘွားရိပ်သာရှိ အဘိုး (၆)ဦး၊ အဘွား (၈)ဦး စုစုပေါင်း (၁၄)ဦးတို့အား အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်းနှင့် တိုင်းရင်းဆေးပညာ အကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ဆက်)