ပန်းတောင်း စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဆင်တဲစျေးတွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်း ၊ ပါးစပ် ၊ နှာခေါင်းစည်းMask များစနစ်တကျတပ် ဆင်ရေး Mask Campaign ပြုလုပ်ခြင်းနှင့် Maskများအခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေး အသိပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း Maskများ စနစ်တကျတပ်ဆင်ရေး Mask Campaign. ပြုလုပ်ခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေရာသို့ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြို့နယ် တပ်ဖွဲ့မှူး ဦးမြင့်သိန်းဦးနှင့် မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက နှာခေါင်းစည်း လိုအပ်သူများအား နှာခေါင်းစည်း ဝေငှပေးခြင်း၊ အပူချိန်တိုင်းတာခြင်း၊ ကျေးရွာများရှိ ပြည်သူများ မိမိနေအိမ်များ၌သာ နေထိုင်ကြ ရန် မလိုအပ်ဘဲ နေအိမ်ပြင်ပ မထွက်ကြရန် မဖြစ်မနေ ထွက်ရပါက တစ်ဦးထက် မပိုဘဲ ပါးစပ် နှာခေါင်းစည်း Mask တပ်ဆင်သွားရန် စသည် တို့ကိုလည်း Hand Speaker များနှင့် ပြည်သူများသိရှိနိုင်စေရန်အတွက် ကြေညာ ပေးခြင်းနှင့် ကိုဗစ်-၁၉ သီချင်းဖြင့် ပညာပေးကပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သင်းသင်းအေး(ပြန်/ဆက်)