စစ်ကိုင်း စက်တင်ဘာ ၉
ဆားတောင်မြို့ အနီးရှိ သာယာရွှေကူ၊ ထန်းတောကုန်း၊ ကုက္ကိုတန်း၊ သိမ်ချောင်စသည့် ကျေးရွာ များတွင် ထန်းလက်များဖြင့် လူသုံးကုန်ပစ္စည်းတစ်ခုဖြစ်သော ကုလားထိုင်များကို ပြုလုပ်ရောင်း ချလျက်ရှိရာ မိသားစုအပို ဝင်ငွေရရှိနေကြကြောင်း သိရသည်။
"ထန်းလက်ကုလား ထိုင်တစ်လုံးပြုလုပ်မယ် ဆိုရင်တော့ ထန်းလက်များကို အပေါက်များ ဖောက်လုပ် ရပြီး စုစုပေါင်း အပေါက်(၅၂)ပေါက် ဖောက်လုပ်ရကာ အဆင့်ဆင့်ပြုလုပ်ရပါတယ် ထန်းပင် တစ်ပင်မှာ ထန်းလက်(၁၀)လက်၊ (၁၂)လက်သာ ရရှိပြီး ထန်းလက်များကို တစ်နှစ်မှ တစ်ခါသာချိုင်ရပါ တယ် မိုးတွင်းအချိန် အခါမှာဆိုင်ရင်တော့ ထန်းလက်များ အရောင် အသွေးမလှလို့ ထန်းလက်ချိုင်ခြင်း မပြုလုပ်ကြပါဘူးမိုးလွတ်၊ လေလွတ်မှသာ ထန်းလက်က အရောင်းလေးကို ဝင်းပြီးလှနေတာ ထန်းလက်တစ်ချောင်းကို ငွေကျပ်(၄၅)ကျပ်နှုန်းဖြင့် ဝယ်ယူရတယ် ကုလားထိုင် ကျော်ခင်းများကိုတော့ ငွေကျပ်(၂၂)ကျပ်နဲ့ ဝယ်ယူပြုလုပ်ရပါ "ဟု ဒေါ်မိုးတင်က ပြောပြ၍သိရသည်။
ထန်းလက်များကို လူးအသုံးအဆောင်ပစ္စည်းများအဖြစ် စားပွဲ၊ ကုးလားထိုင်၊ တီဗီစင်၊ အိပ်စင် စသည်တို့ပြုလုပ်ကြကြီး ကန့်ဘလူ၊ ကောလင်း၊ အုန်းချော၊ ပင်လယ်ဘူး စသည့်မြို့များတွင် တင်ပို့ ရောင်းချရပြီး တစ်ယောက်ထိုင်ခုံဆိုရင် တစ်လုံးငွေကျပ် (၃၅၀၀) ကျပ်ဖြင့် ရောင်းချနေရကာ မိသားစု စားဝတ်နေရေး အပိုဝင်ငွေ ရရှိနေကြကြောင်းသိရှိရသည်။
ဇော်မြင့်နိုင်