မအူပင် ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် ၂၀၂၂-၂၀၂၃ မိုးစပါး ရာသီတွင် တစ်ဧကလျှင် အထွက်နှုန်း တင်း(၁၀၀)ထွက်ရှိရေးအတွက် ဧက(၁၀၀) စံပြကွက်ရှိ တောင်သူများအား ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးစရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို မအူပင်မြို့နယ် ငါးကြီးဂရက်ကျေးရွာအုပ်စု၊ နည်းပညာပြန့်ပွားရေး စင်တာတွင် ဆောင်ရွက်သည်။
အခမ်းအနားသို့ မအူပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် မြို့နယ် စိုက်ပျိုးတိုးတက်မြင့်မားရေးအဖွဲ့ဝင်များနှင့် ဝန်ထမ်းများ တက်ရောက်ကြပြီး မိုးစပါး ရာသီတွင် အထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် ခရိုင်စိုက်ပျိုးရေးမန်နေဂျာ ဦးစိုးမိုးအောင်၊ မြို့နယ်စိုက်ပျိုးရေး မန်နေဂျာဦးသာအေးနှင့် စိုက်ပျိုးရေးဝန်ထမ်းများက နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးနိုင်ရန် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားဆွေးနွေးပြီး တောင်သူများအား မျိုးစပါးနှင့် စိုက်ပျိုးရေးစရိတ်များတွင် တောင်သူတစ်ဦးချင်းအား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ် (မအူပင်)