ငပု​တောမြို့နယ်တွင် (GIS)နည်းပညာဖြင့် ရပ်ကွက်/ကျေးရွာ တည်နေရာပြ (Point) စတင်ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ငပု​တော ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ယမန်နေ့ နံနက်ပိုင်းတွင် (GIS)နည်းပညာဖြင့် တည်နေရာ (Point) စတင်ကောက်ယူခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦး​မောင်​မောင်လွင်နှင့် တာဝန်ရှိဝန်ထမ်းများက ငပု​တောမြို့ပေါ် ရပ်ကွက်များနှင့်  မြို့နယ်အတွင်းရှိ တမန်​ချောင်းကျေးရွာအုပ်စု၊  ကမ်းနီ​ကျေးရွာအုပ်စု၊ ကွင်း​ချောင်း​ကျေးရွာအုပ်စုနှင့်  ဟင်းအိုး​ချောင်းကျေးရွာအုပ်စုတို့ တွင် Geographical Information System (GIS) စနစ်ဖြင့်  ရပ်ကွက်/ကျေးရွာ တည်နေရာ (Point) စတင် ကောက်ယူခြင်းလုပ်ငန်းများကို ​ဆောင်ရွက်လျက်ရှိပြီး  ဆက်လက်၍ ကျန်ရှိ​နေ​သည့် ​ ရပ်ကွက်၊ ​ကျေးရွာအုပ်စု များကိုလည်း ​နေ့ရက်အလိုက် ကွင်းဆင်း​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း  လူဝင်မှုကြီးကြပ်​ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ငပု​တောမြို့နယ်  ဦးစီးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။             

အောင်သူ