ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်​မြင့်မားရေး အသိပညာပေး ဆွေးနွေး

ပန်းတောင်း ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတတ်မြင့်မားရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့​ နံက်ပိုင်က စစ်တဝင်းကျေးရွာနှင့် ရွာသစ်ကုန်းကျေးရွာတို့တွင် ကျေးရွာဘုန်းကြီးကျောင်းတို့၌ ပြုလုပ်ခဲ့သည်။ အသိပညာပေးဆွေးနွေးပွဲတွင် ​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာ စကားပြောကြားပြီ၊ ​မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ကျော်ညီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးအေးကြိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးတင့်လွင်က စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းဆွေးခဲ့ကြောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးစောမြင့်ဦးက မွေးမြူရေးနှင့် ပတ်သက်သည်များလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ကျော်​က ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးများ ကိုလည်းကောင်း၊ မြေစာရင်းဦးစီးဌာန၊ ဒုတိယဦးမှူး ဦးဇော်လတ်က ​မြေစာရင်းနှင့် ပတ်သက်သည်များ ကိုလည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ ဒေါ်မြင့်မြင့်စိန်က လ.ဝကနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ သမဝါယမဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်စန်းဝေက ငွေချေးနှင့်ပတ်သက်သည့် များကိုလည်းကောင်း၊ စားသုံးသူဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက စားသုံးရန်သင့်မသင့်ကုန် အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍လည်းကောင်း၊ လျှပ်စစ်ဦးစီးဌာန၊ ဦးဆန်းမင်းလှိုင်က လျှပ်စစ်နှင့်ပတ်သက်သည့်များ ကိုလည်းကောင်း တာဝန်ရှိသူများက ပညာပေးဆွေးနွေးခဲ့သည်။ တက်ရောက်လာသော ဒေသခံပြည်သူများက သိရှိလိုသည်များကို ပြန်လည်တင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)