လောင်းလုံးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စကားပုံဆက် ပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲများ ကျင်းပ

လောင်းလုံး  ဇူလိုင် ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြို စကားပုံဆက်ပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲများကို ယနေ့ ညနေ (၃) နာရီအချိန်က ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းက (၇၅) နှစ်မြောက် အာဇာနည်နေ့အကြောင်း ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပြီး စကားပုံဆက်ပြိုင်ပွဲများကျင်းပကာ ကျောင်းသား/ သူများက ပါဝင်ယှဉ်ပြိုင်၍ ဆုရရှိသူများအား အမှတ်တရလက်ဆောင်များ ချီးမြှင့်၍ စာအုပ် စာစောင်ပြပွဲများကို ခင်းကျင်းပြသဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

သိန်းသိန်း (လောင်းလုံး)