ထားဝယ်မြို့တွင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဗဟိုအဆင့်ပြိုင်ပွဲများ ကျင်းပရေးလုပ်ငန်း ကော်မတီညှိနှိုင်းအစည်းအဝေး ကျင်းပ

ထားဝယ် ဇူလိုင် ၈

(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲများ ကျင်းပရေးလုပ်ငန်း ကော်မတီညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဗဟိုက ချမှတ်ပေးလုပ်သော ပြိုင်ပွဲဘာသာရပ်များ၊ ညွှန်ကြားချက်များကို မြို့နယ်အဆင့်/ခရိုင်အဆင့်ပြိုင်ပွဲကျင်းပရန်နှင့်ပတ်သက်၍ အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဇူလိုင်လနောက်ဆုံးအပတ်တွင် ခရိုင်အဆင့်ပြိုင်ပွဲများကျင်းပမည်ဖြစ်ပြီး ဘာသာရပ်အလိုက်၊ အဆင့် အလိုက်များကိုရွေးပြီး အနုပညာရှင်များ၊ ဝါသနာရှင်များ၊ ပညာရှင်နှင့်အဆင့်မြင့်ပညာရှင်များကို ဝိုင်းဝန်းပြီး အကြံဉာဏ်များဆွေးနွေးပေးစေ လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသော လုပ်ငန်းကော်မတီဝင်များက ပြိုင်ပွဲကျင်းပရေး၊ ဆုချီးမြှင့်ရေး၊ ပြိုင်ပွဲဝင်များ စိစစ်ရွေးချယ်ရေး၊ အခမ်း အနားပြင်ဆင်ရေး၊ ကျန်းမာရေးကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အစီအမံများစသည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးလူမှု ရေးရာဝန်ကြီး ဦးယဉ်ထွေးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)