နတ်တလင်းမြို့နယ်တွင် ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Myancopharm)ဒုတိယအ​ကြိမ်ထိုးနှ

နတ်တလင်း ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဖွင့်လှစ်သည့် အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက နတ်တလင်းမြို့၊ မြို့မရပ်ကွက်၊ မြို့မ အ.ထ.ကကျောင်းမှ ကျောင်းသား/သူ(၂၃၀)ဦး၊ အ.ထ.က(နတ်တလင်း) ကျောင်းမှ ကျောင်းသား/သူ(၂၆၅)ဦးတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Myancopharm) ဒုတိယအကြိမ် ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် နတ်တလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းဖြစ်ရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ အခြေခံပညာကျောင်းများတွင် သတ်မှတ်စုရပ်များအလိုက် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဝေယံဖြိုး