ဖျာပုံ ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် Door to Door စနစ်ဖြင့် ရပ်ကွက်/ကျေးရွာများသို့ အိမ်ထောင်စုစာရင်းများ ကွင်းဆင်းကောက်ယူ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ Door to Door စနစ်ဖြင့် အိမ်ထောင်စုစာရင်းများ Software Program ရေးသွင်းနိုင်ရေးအတွက် အိမ်ထောင်စု၊ လူဦးရေစာရင်းများ၊ မှန်ကန်စေရန်အတွက် Door to Door အဖြစ် ဆောင်ရွက်ရာတွင် သေဆုံးသူများ ပယ်ဖျက်၍ မွေးဖွားသူများကို မွေးတိုးစာရင်း ဆောင်ရွက် ခြင်း၊ သေဆုံးသူများကို စာရင်းမှပယ်ထုတ်ခြင်း၊ အကွက်အပေါက် တိုက်ဆိုင် စစ်ဆေးခြင်းတို့ကို မြို့ပေါ် ရပ်ကွက်/ကျေးရွာအလိုက် လိုက်လံစစ်ဆေးကြသည်။ ဆက်လက်၍ ကျန်ရှိသော ရပ်ကွက်/ကျေးရွာများ သို့လည်း နေ့ရက်အလိုက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။
အောင်ဝင်းနိုင်(ခရိုင်ပြန်/ဆက်)