ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြေရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဘိုကလေး ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် ယမန်နေ့ ညနေ (၅)နာရီအချိန်၌ ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြေရေးနေ့ အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ဘိုကလေးပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်မှ သင်တန်းသား/သူများအား ပျိုးပင်များပေးအပ်ခဲ့ပြီး အဆိုပါကောလိပ်မှ ပါမောက္ခများ၊ ကထိကများ၊ သင်တန်းသား/သူများနှင့်အတူ ကောလိပ်ဝန်းအတွင်းရှိ မြေလွတ်များ၌ ကံ့ကော်၊ သရက်၊ မာလကာ၊ ပိန္ဒဲ၊ သပြေ၊ ပေါက်ပန်းဖြူ စသည့် ပျိုးပင်ပေါင်း(၁၀၀)အား စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)